International News

ဘယ်လ်ဂျီယံနိုင်ငံ၊ ဖလန်းဒါးဒေသတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု စံချိန်တက်ရရှိခဲ့ခြင်း

Last Updated:

       ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဖလန်းဒါးဒေသသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုအများအပြား ဝင်ရောက် ခဲ့ပြီး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအားလုံးမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ယူရို (၅.၂) ဘီလီယံရှိခဲ့ကြောင်း၊ အဆိုပါ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်အသစ်(၅၄၀၀) ကိုဖန်တီးပေးခဲ့ကြောင်း ဖလန်းဒါးရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု (Flanders Investment and Trade-FIT) က ဆွမ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မီဒီယာများသို့ ထုတ်ဖော်ပြောကြားသည့် စာရင်းဇယားများအရ သိရှိရ ကြောင်း၊ စီမံကိန်းလုပ်ငန်းအသစ် (၂၅၈) ခုတွင် ရင်းနှီးမြှုပ်နှံမှုမှာ ယူရို (၅.၈)ဘီလီယံရှိကြောင်း VRI သတင်းဌာန၏ ၂၂.၁.၂၀၂၀ နေ့တွင် သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

          မိမိတို့အနေဖြင့် ထိုသို့ မြင့်မားသသည့် ရင်းနှီးမြှုပ်နှံမှုပမာဏကို ရခဲ့ဖူးခြင်းမရှိသေးကြောင်းနှင့် ယခုရရှိခဲ့သည့် ရင်းနှီးမြှုပ်နှံမှုစာရင်းဇယားများမှာ စံချိန်တင်ဖြစ်ကြောင်း ဖလန်းဒါး ဝန်ကြီးချုပ် Mr.Jambon သတင်းထောက်များ အားပြောကြားခဲ့ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သည့်ကဏ္ဍမှာ ဓါတုဗေဒလုပ်ငန်းကဏ္ဍဖြစ်ပြီး၊ အမေ ရိကန်နိုင်ငံသည် အများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း၊ နယ်သာလန်နိုင်ငံမှ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားပြီး၊ ဗြိတိန်နိုင်ငံသည် တတိယနေရာတွင် ရှိနေကြောင်းသိရှိရပါသည်။

   ဗြိတိန်နိုင်ငံသည် ဖလန်းဒါးဒေသ၌ ပြည်ပရင်းနှီးမြှုပ်နှံမှုအဆင့် (၇) ခုအဆင့် (၃) သို့ တိုးတက်ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းအများအပြားသည် ဗြိတိန်နိုင်ငံမှ ဉရောပအနောက်ပိုင်းသို့ ရွှေ့ပြောင်းလာကြခြင်း ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်း (၅၀) ခန့်သည် ဖလန်းဒါးဒေသတွင် လုပ်ငန်းများတည်ထောင်လုပ်ကိုင်နေကြပြီး၊ ထပ်မံလာရောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများစွာနှင့်လည်း လုပ်ငန်းဆောင်ရွက်မှုရှိနေကြောင်း၊ ဗြိတိန်ခွဲထွက်မှု ကိစ္စရပ် (Brexit) သည် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်သည်မှာ ရှင်းလင်းသိသာသည့် အချက်အလက် ဖြစ်သည်ဟု Mr.Jambon ကဆက်လက်ပြောကြားခဲ့သည်ဟု  အဆိုပါသတင်းကဖော်ပြထားပါသည်။

ရင်းမြစ်(https://www.vrt.be/vrtnws)

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

Category: International News